စစ်တွေမြို့တွင် Arakan Art Gallery အမည်ရှိ ပန်းချီပြပွဲပြုလုပ်

Arakan Art Gallery ဟု အမည်ပေးထားသည့် ပန်းချီပြပွဲတစ်ခုကို စစ်တွေမြို့၊ မောလိပ်ရပ်ကွက်တွင် ယနေ့(ဧပြီလ ၁ ရက်)တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါပြပွဲတွင် ပြည်တွင်း၊ပြည်ပမှ ပန်းချီပညာရှင် ၂၂ ဦး၏ ပန်းချီကား ၁၀၀ ကျော်ကို ပြသထားသည်။