Western News| ဧပြီ ၂ စစ်တွေမြို့ အခြေစိုက်ရှိသော ရခိုင်အနုပညာပြခန်း (Arakan Art Gallery) မှ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပန်းချီကားများ လေလံတင်အရောင်းပွဲနှင့်အတူ ကျပ်သိန်း ၆၀ ခန့်တန်ဖိုးရှိသော ပန်းချီကား ၁၅ ခုကို ရောင်းချနိုင်ခဲ့ကြောင်း Arakan Art Gallery တည်ထောင်သူများထံမှ သိရသည်။ ဧပြီလ ၁ ရက်နေ့က တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပန်းချီကား ၉ ခုကို လေလံတင်ရောင်းချခဲ့ရာမှာ ၈ ကား ထုတ်ရောင်းနိုင်ခဲ့ကြောင်း Arakan Art Gallery တည်ထောင်သူ ကိုခိုင်သူရိန်က ပြောသည်။ “မနေ့က ကျနော်တို့ Arakan Art Gallery တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြခန်းမှာရှိတဲ့ ပန်းချီကားတွေကို လေလံတင်ရောင်းချခဲ့ပါတယ်။ အန္ဒိယက ပန်းချီဆရာ […]
