Open Daily 9:30–6:00, Everyday

No. 48, Aung Tun Oo Street, Maw Leik Quarter, Sittwe, Arakan

News

Stay updated with the latest happenings in the art world and at Arakan Art Gallery through our News section

မော်ဒန်ပန်းချီဆိုတာ. . .

ဒီနေ့ ကျွန်တော်တို့ဆီမှာ Modern ပန်းချီကို စိတ်၀င်စားတဲ့လူတွေ တော်တော်များလာတာတွေ့ရတယ်။ အထူးသဖြင့် လူငယ်တွေများပါတယ်။ ဒါကောင်းတဲ့ လက္ခဏာပဲ။ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကဆိုရင် မော်ဒန်ပန်းချီကို စိတ်၀င်စားတဲ့သူဟာ လက်ချိုးရေလို့ရတယ်။ သူတို့ရေးတဲ့ မော်ဒန်ပန်းချီတွေကိုလည်း အရူးချီးပန်းပန်းချီဆိုပြီး ရှုံ့ချခဲ့ကြတယ်။ အခုတော့လည်း မော်ဒန်ပန်းချီမဟုတ်ရင် လူရာမ၀င်သလို ဖြစ်နေပြန်ပြီ၊။ လူတော်တော်များများဟာ မော်ဒန်မှ မော်ဒန်ဖြစ်နေကြတယ်။ မော်ဒန်ပန်းချီကြိုက်တဲ့ လူတွေ တော်တော်ကိုများလာတာတွေ့ရတယ်။ ပုံစံအမျိုးမျိုးနဲ့ ကြိုက်နေကြတာပဲ။ မော်ဒန်ပန်းချီမှ ခေတ်မီလို့ ကြိုက်တဲ့သူတွေရှိသလို သမားရိုးကျတွေကို ရိုးအီနေလို့ အသစ်အဆန်းဖြစ်လို့ ကြိုက်တဲ့သူလည်းရှိတယ်။ လူရာ၀င်ချင်လို့ ကြိုက်တဲ့လူလည်းရှိတာပဲ။ တချို့လည်း နားလည်လို့တော့မဟုတ်ပါဘူးဗျာ။ စိတ်လွတ်လက်လွတ် ရေးထားတာကို သဘောကျလို့ပါလို့ ပြောတဲ့သူလည်းရှိတယ်။ တချို့ကလည်း ဘာမှန်းမသိလို့ကို ကြိုက်တာဗျ။ ဘာတွေဖြစ်မလဲလို့ တွေးနေရတာကို သဘောကျနေတာလို့ ဆိုတဲ့သူလည်းရှိတယ်။ […]

Contemporary Art ဆိုတာဘာလဲ

Contemporary Art ဆိုတာ ဘာလဲ။ Contemporary Art ဆိုတာ အခုလုပ်နေတဲ့ဟာတွေ။ ထားပါတော့။ ကမ္ဘာ့အကြောင်းပေါ့။မြန်မာမှာတော့ အနုပညာမှ မထွန်းကားသေးတာ။ အနုပညာဆိုတာ အမြဲတမ်း ပြောင်းလဲနေတာ။ ဒီအတိုင်းပဲ ဒီလိုပဲဆိုရင် ဒါ အနုပညာ မဟုတ်တော့ဘူး။ ကျွန်တော်တို့က အသစ်အဆန်းတွေကို လိုချင်တာ။ အဟောင်းတွေက လူများတွေ လုပ်ခဲ့တာ။ အဲဒီအဟောင်းတွေကို မူတည်ပြီးတော့ ကျွန်တော်တို့က အသစ်တွေ ဖန်တီးချင်တာ။ ( အဟောင်းတွေကိုလည်း တန်ဖိုးထားတယ်) အဲဒီအသစ်တွေကို ဖန်တီးခြင်းသည် ခုနပြောတဲ့ Contemporary Art လို့ပဲ ကျွန်တော်ယူဆပါတယ်။ Contemporary Art ကို ဘယ်လိုချဥ်းကပ်ရမလဲ။ချည်းကပ်ချင်သလိုပဲ ချည်းကပ်ပေါ့။ခြင်းခတ်ချင်ရင် ကိုယ်တိုင်ခြင်းခတ်ပေါ့။ လုပ်ကြည့်ပေါ့။ ကိုယ်ကမလုပ်ချင်ဘူး၊ သိချင်တာဆိုရင်တော့ ဖတ်ကြည့်။ထင်ရှားတဲ့အနုပညာရှင်တွေအကြောင်း ပြောစမ်းပါ။ထင်ရှားတဲ့ အနုပညာတွေကတော့ ထင်ရှားလို့ပေါ့။ကျွန်တော်တို့က မထင်ရှားတဲ့သူဆိုတော့ […]

ပန်းချီဆရာနှင့်အလှတရား

ပန်းချီဆရာသည် အလှတရားကို နှစ်သက်ကြောင်း လူတိုင်းသိသည်။ သို့သော်…ပန်းချီဆရာသည်ပင်လျှင် အလှတရားဆိုသည့် ပြသနာကို ပြေလည်အောင် မဖြေရှင်းပေးနိူင်ပေ။ပန်းချီဆရာတစ်ယောက်အားအလှတရားဆိုသည်မှာ ဘာလဲ ဟုမေးလျှင် တိတိကျကျပြောနိူင်လိမ့်မည် မဟုတ် ။ပန်းချီဆရာများ သည်သာလျှင် အလှတရားကို လေ့လာကြသည်မဟုတ်။ အတွေးအခေါ် ပညာရှင်များသည်ပင် အလှတရားကို လေ့လာကြသည်။ ထိုသူများလေ့လာကြသည့် Aesthetics ( အက်စ်သက်တစ်စ်) ခေါ် အလှတရားလေ့လာသည့်ပညာ (သို့မဟုတ်) အမြင်ပညာသည် အလွန်လေးနက်လှ၏။ကျွန်တော်သည် သူတို့လေ့လာသောအလှတရားအကြောင်းကို မပြောလိုပေ။ရိုးရိုးရှင်းရှင်းနှင့်လှသည့်အကြောင်းများကိုသာပင် ပြောချင်၏။ မြင်လို့ကြိုက်ရင်လှ၏။သည်လိုပင် ကျွန်တော်တွေးခဲ့၏။နှင်းဆီပွင့်တစ်ပွင့်လှသလို ဖားတစ်ကောင်၌လည်း သူ၏ ပင်ကိုယ်အလှရှိ၏။ကြည့်နိုင်မှ လှ၏။ကြည့်တတ်ဖို့သာလျှင်အဓိက။အဲသည်တော့ အရာရာတိုင်းမှာ အလှရှိသည်ဟု ယူဆနိုင်ဖွယ်ရာရှိ၏။သို့သော်လည်း… အရာရာတိုင်းမှာ အလှရှိပေလိမ့်မည် မဟုတ်။လှတာရှိရင်တော့ မလှတာရှိမှာ အမှန်ပင်။အရာရာတိုင်း၌ အလှကိုယ်စီရှိကြသည်ဟူသော ကဗျာများကိုလည်း ကြားဖူးပါ၏။ အလှဆိုသည့်တရားကို မျက်စိနှင့်နားက အများဆုံးအာရုံခံစားကြ၏။ပန်းချီကားတစ်ကား တေးတစ်ပုဒ်။တေးတစ်ပုဒ်၏ အလှသည် […]

အရောင်တို့၏ လျှို့ဝှက်ချက်

လူတွေဟာ မနက်အိပ်ရာထကတည်းက မျက်စိနဲ့ မြင်ရတဲ့ အရာတွေကို ကြည့်မိတာပဲ။ မျက်မြင်ကမ္ဘာကြီးရဲ့ လွှမ်းမိုးမှုအောက်က ရုန်းမထွက်နိုင်ဘူး။ မျက်မြင်ကမ္ဘာနဲ့ပဲ အဆက်အသွယ် အစီအမံ လုပ်ကြရတာကိုး။ မျက်စိအောက်က သက်ရှိသက်မဲ့ အရာတွေနဲ့ပဲ ထိတွေ့လုပ်ကိုင်နေကြရတာ သဘာ၀ပဲ။ တခါတလေတော့လည်း မျက်မြင်ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပြီး အတွေးကမ္ဘာထဲ ရောက်သွားတတ်ကြတယ်။ ဒါပေမယ့် ကြာကြာမနေနိုင်ဘူး။ ချက်ချင်းဆိုသလို မျက်မြင်ကမ္ဘာထဲ ပြန်ရောက်လာကြတယ်။ လူတော်တော်များများအဖို့ အတွေးကမ္ဘာထဲမှာ ကြာကြာမနေနိုင်ကြဘူး။ လူတွေဟာ မြင်တဲ့အရာတွေနဲ့ပဲ အလုပ်လုပ်နေကြတာများတယ်။ သိပြီးသား၊ တွေ့ပြီးသားတွေနဲ့ပဲ ကျေနပ်နေကြတာများတယ်။ အရင်လူတွေ တွေ့ထား သိထားတာတွေနဲ့ပဲ ဆင်တူယိုးမှားတွေ လုပ်နေကြတာပဲ။ ဒါတွေနဲ့ပဲ ပျော်နေကြတယ်။ မမြင်ရသေး၊ မတွေ့ရသေးတာတွေကို ရှာဖို့ ၀န်လေးနေကြတယ်။ အမှန်က မသိသေးတာတွေကို သိလာမှ မမြင်သေးတာတွေ မြင်လာရမှ ပိုပျော်ဖို့ ကောင်းတာ။ […]

အရောင်တွေဘာကြောင့်သုံး

ဘယ်ပန်းချီဆရာမဆို ပန်းချီဆွဲရင် အရောင်သုံးကြတာပဲ။ ခင်ဗျားဘာအတွက်အရောင်သုံးတာလဲလို့မေးရင် ယောင်ဝါးဝါးဖြစ်နေတတ်ကြတယ်။ အဖြေတွေလည်း အမျိုးမျိုးပေးတတ်ကြတယ်။ အ‌ရောင်တွေမြင်နေလို့ အရောင်တွေသုံးတာပေါ့။ သဘာဝမှာအရောင်တွေရှိနေလို့ပေါ့။ ပန်းချီဆွဲတာပဲ အရောင်သုံးမှာပေါ့စတဲ့ မရေရာတဲ့အဖြေတွေသာပေးလေ့ရှိပါတယ်။ အမှန်က အရောင်တွေအပေါ်မှာထားတဲ့ သူတို့ရဲ့ သဘောထားဟာ မပီပြင်လို့ပဲ။ အရောင်သုံးရခြင်းအပေါ်မှာ သူတို့အယူအဆ ယုံကြည်ချက် ဘာမှမရှိလို့ ဒီလိုပြောကြတာပဲ။ ဘာမှမရှိရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဖူး။ ဒီမှာက များသောအားဖြင့် Subject ဆိုတဲ့ အကြောင်းအရာကိုပဲ သရုပ်ဖော်နေကြတာ။ ကျောင်းကန်၊ ဘုရား၊ လယ်ယာလုပ်ငန်း၊ မြန်မာမှု၊ မြန်မာ့ရှုခင်း၊ ဘုန်းကြီး၊ သီလရှင် စတာတွေကိုသရုပ်ဖော်နေကြတာများတယ်။ အဲဒီအကြောင်းအရာတွေကို သရုပ်ပီပြင်ဖို့ အရောင်တွေကိုသုံးကြတာပဲ။ အရောင်ဟာအဖြည့်ခံပဲ။ ရတယ်လေ။ အရောင်ကိုအဖြည့်ခံအဖြစ်သုံးလို့ရတယ်။ အရောင်ကိုအဖြည့်ခံသက်သက်မသုံးရဆိုတဲ့ ဥပဒေမှမရှိတာ။ သုံးနိုင်ပါတယ်။ အကြောင်းအရာကအဓိကကို။ ကောင်းပြီ။ အဲဒီပန်းချီဆရာဟာ သူရေးတဲ့အကြောင်းအရာပေါ်မှာကော သူ့သဘောထားက ဘယ်လိုလဲ။ သူ့ယုံကြည်မှုကဘာလဲ။ […]

အရောင်တွေကို ခံစားရအောင်

အရောင်ဆိုတာ လူတိုင်းသိတယ်။ နီ၊ ဝါ၊ ပြာ၊ စိမ်း၊ လိမ္မော်၊ ခရမ်း ဘာမှမထူးဆန်းသလိုပဲ။ မြင်နိုင်တဲ့လူတိုင်း အရောင်တွေကိုအမြဲမြင်နေရတော့ ဘာမှမထူးဆန်းဘူးဖြစ်နေတယ်။ ဒါပေမယ့် အရောင်တွေဟာ သိပ်ထူးဆန်းတယ်။ ဒါကို လူတိုင်းမသိနိုင်ဘူး။ လူတိုင်းရဲ့ဝန်းကျင်မှာ အရောင်တွေအမြဲရှိနေတာ။ အရောင်တွေကြားမှာနေကြတာ။ နေ့တိုင်းပဲ အရောင်မျိုးစုံနဲ့ ထိတွေ့နေကြတာ။ ဒါပေမယ့် လူတွေကတော့ ဘာသိဘာသာပဲနေကြတယ်။ ဒီပန်းကလေးက ဝါတယ်။ ဒီခွက်ကလေးကနီတယ်။ လယ်ကွင်းတွေက စိမ်းနေတာပဲ။ သူ့အကျီပန်းရောင်က လုံခြည်အပြာနဲ့လိုက်သားပဲ။ ဒါလောက်ပဲ အာရုံပြုကြတယ်။ ဒါထက်မပိုဘူး။ တချို့လူတွေကတော့ ဟာ … ဒီပန်းကလေးက ဝါလိုက်တာ။ တော်တော်လှတာပဲ။ ဒီအဝါက တခြားအဝါတွေနဲ့မတူဘူး။ ဒီအဝါရောင်မျိုးကရှားတယ်ဆိုပြီးပြောတတ်တယ်။ အဲလိုလူမျိုးတွေမှာ အရောင်ခံစားတတ်တဲ့အာရုံရှိနေပြီ။ Color Sensation ကောင်းနေပြီ။ ဒီလိုလူတွေရဲ့အမြင်ဟာ သာမန်လူတွေထက်သာတယ်။ သူတို့က အရောင်တွေကို အမြဲသတိထားနေမိတယ်။ […]

အရောင်ကောင်းတဲ့ ပန်းချီကားဆိုတာ

ပန်းချီဆရာတွေဟာ အရောင်တွေ အမြဲသုံးနေရတယ်။ ကိုယ့်ပန်းချီကားထဲက အရောင်တွေ အသက်ဝင်ချင်ကြတယ်။ အရောင်လှတဲ့ ပန်းချီကားတွေ ရေးချင်ကြတယ်။ အရောင်ကောင်းတဲ့ ပန်းချီဆရာလည်း ဖြစ်ချင်ကြတယ်။ ဖြစ်ချင်တဲ့စိတ် ရှိရုံနဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဖြစ်အောင်လုပ်မှ ဖြစ်လာမှာ။ ဖြစ်အောင် ဘာလုပ်ရမလဲဆိုတော့ အရောင်တွေအကြောင်း သိအောင်လုပ်ရမှာပဲ။ အရောင်တွေအကြောင်း သိလာမှ အရောင်ကောင်းတဲ့ ပန်းချီကားတွေ ရေးနိုင်မှာ။ ငယ်ငယ်ကတည်းက Color Sensation ကောင်းတဲ့လူဆိုရင်တော့ အရောင်ကောင်းတဲ့ ပန်းချီကားတွေ ရေးနိုင်လိမ့်မယ်။ ဒါမှမဟုတ် Color Sensation ကောင်းအောင် လေ့ကျင့်ရလိမ့်မယ်။ အရောင်တို့ရဲ့ လျှို့ဝှက်ချက်မှာ လေ့ကျင့်နည်းတချို့ ပြောပြထားပါတယ်။ ကမ္ဘာကျော် ပန်းချီဆရာကြီးတွေလည်း အရောင်ကောင်းတဲ့ပန်းချီဆရာ အလိုလို ဖြစ်မလာဘူး။ လေ့လာယူရတာ။ Gauguin, Vangogh, Derain, Kirchner, Nolde, Bonnard, […]

Address

No. 120, (Ground Floor), 51st Street (Middle), Pazontaung Township, Yangon, Myanmar

Contact Us

+95 9 759 477377
info@izanagallery.com

Open Hours

Daily 10:00 am – 5:00 pm
Except Official Public Holidays in Myanmar

Connect with us

Izana Gallery © 2024. All Rights Reserved.