Arakan Art Gallery ဟု အမည်ပေးထားသည့် ပန်းချီပြပွဲတစ်ခုကို စစ်တွေမြို့၊ မောလိပ်ရပ်ကွက်တွင် ယနေ့(ဧပြီလ ၁ ရက်)တွင် ဖွင့်လှစ်ခဲ့သည်။ အဆိုပါပြပွဲတွင် ပြည်တွင်း၊ပြည်ပမှ ပန်းချီပညာရှင် ၂၂ ဦး၏ ပန်းချီကား ၁၀၀ ကျော်ကို ပြသထားသည်။
“ပန်းချီကားလေးတွေကို ကျနော်က ကြည့်ရတာပျော်တယ်။ ဝါသနာလည်းပါတယ်ပေါ့၊ ကျနော်တို့ ရခိုင်တစ်ပြည်နယ်လုံးနဲ့ စာရင်တော့ Gallery တွေ အများကြီးဖွင့်ဖို့ လိုသေးတယ်၊ ဒီနေရာကို ကျနော်တို့ အနုပညာဆုံမှတ်တစ်ခုအနေနဲ့ Art Center ပေါ့၊ အဲဒီမှာ ပန်းချီဆရာတွေရှိမယ်၊ ပြီးရင်နောက်မျိုးဆက်သစ်တွေရှိမယ်၊ အဲလိုဟာကိုရည်ရွယ်တယ်”ဟု တည်ထောင်သူ ကိုခိုင်သူရိန်ကပြောသည်။
အဆိုပါပြပွဲကို ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိပြုလုပ်မည်ဖြစ်ကာ စိတ်ဝင်စားသူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုနိုင်သည်။ ပြပွဲပြီးမြောက်သွားသော်လည်း စိတ်ဝင်စားသူများအနေဖြင့် လာရောက်ကြည့်နိုင်သည်ဟုလည်း တည်ထောင်သူက ဆက်လက်ပြောသည်။
credit: Development Media Group