Open Daily 9:30–6:00, Everyday

No. 48, Aung Tun Oo Street, Maw Leik Quarter, Sittwe, Arakan

ရခိုင်အနုပညာပြခန်းမှ ကျပ်သိန်း ၆၀ ခန့် ပန်းချီကားများရောင်းချ

Western News| ဧပြီ ၂

စစ်တွေမြို့ အခြေစိုက်ရှိသော ရခိုင်အနုပညာပြခန်း (Arakan Art Gallery) မှ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပန်းချီကားများ လေလံတင်အရောင်းပွဲနှင့်အတူ ကျပ်သိန်း ၆၀ ခန့်တန်ဖိုးရှိသော ပန်းချီကား ၁၅ ခုကို ရောင်းချနိုင်ခဲ့ကြောင်း Arakan Art Gallery တည်ထောင်သူများထံမှ သိရသည်။

ဧပြီလ ၁ ရက်နေ့က တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပန်းချီကား ၉ ခုကို လေလံတင်ရောင်းချခဲ့ရာမှာ ၈ ကား ထုတ်ရောင်းနိုင်ခဲ့ကြောင်း Arakan Art Gallery တည်ထောင်သူ ကိုခိုင်သူရိန်က ပြောသည်။

“မနေ့က ကျနော်တို့ Arakan Art Gallery တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြခန်းမှာရှိတဲ့ ပန်းချီကားတွေကို လေလံတင်ရောင်းချခဲ့ပါတယ်။ အန္ဒိယက ပန်းချီဆရာ GIRISH ADANNARVAR ရဲ့ ပန်းချီ၊ ဆရာမြင့်နိုင်ရဲ့ ပန်းချီ၊ တခြားပန်းချီဆရာတွေလည်း ပါပါတယ်။ ပန်းချီကားတွေက မြောက်ဦးက လက်ဆည်ကန်၊ စစ်တွေမြို့မဈေးဟောင်း၊ ရှုခင်းသာလမ်း၊ ရွှေစေတီဘုန်းကြီးကျောင်း စသဖြင့် ပါပါတယ်။ မနေ့က တစ်ရက်မှာ လေလံတင်ပွဲနဲ့ဆိုရင် ၁၅ ကား ရောင်းရခဲ့ပါတယ်” ဟု ပြောသည်။

အိန္ဒိယ ပန်းချီဆရာ GIRISH ADANNARVAR နှင့် ပန်းချီဆရာ မြင့်နိုင်၏ ရွှေစေတီဘုန်းတော်ကြီးကျောင်း ပန်းချီကားက ကျပ် ၁၀ သိန်းကျော်ထိ ရရှိခဲ့ကြောင်း သိရသည်။

လေလံပွဲသို့ လာရောက်သူများမှာ ပန်းချီဝါသနာပါသူများနှင့် စိတ်ပါဝင်စားသူ ဒေသခံအများအပြားနှင့် စစ်တွေတွင် အလုပ်လုပ်နေကြသည့် NGO အဖွဲ့များမှ နိုင်ငံခြားသားများပါဝင်ပြီး ဥရောပ၊ အမေရိကန်၊ ပိုလန်၊ ပြင်သစ် စသည့်နိုင်ငံမှ ဖြစ်ကြောင်း ကိုခိုင်သူရိန်က ပြောသည်။

Arakan Art Gallery မှ “Art Auction X Arakan” အမည်ဖြင့် လေလံတင်အရောင်းပွဲလုပ်ခဲ့ပြီး ရန်ကုန်မြို့တွင်လည်း ယခုနှစ်အတွင်း “Art Auction X Yangon” အရောင်းပွဲ ပြုလုပ်သွားမည့်အပြင် Arakan Art Gallery အရောင်းစင်တာအဖြစ် ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

Arakan Art Gallery တွင် လက်ရာကောင်း ပန်းချီကား ၁၀၀ ကျော်ရှိပြီး ပန်းချီကား ၉၀ ရာခိုင်နှုန်းကို Arakan Art Gallery မှ ဝယ်ယူထားခြင်းဖြစ်ပြီး ကျပ်သိန်း တစ်ထောင်ကျော် ရင်းနှီးမြှုပ်နှံထားရကြောင်း တည်ထောင်သူ ကိုခိုင်သူရိန်က ဆိုသည်။

“ရခိုင်ဒေသမှာက ပန်းချီနဲ့ ရပ်တည်လို့မရဘူး။ စိတ်ဝင်စားမှုလည်းနည်းပါတယ်။ ရခိုင်မှာ ပန်းချီဆရာတွေရှိပါတယ်။ အများစုက ပြည်မဘက်သွားပြီး ရပ်တည်ကြတယ်။ ဒီဘက်မှာက ပန်းချီကားတွေ အရောင်းအဝယ်နည်းပါတယ်။ ရပ်တည်ရေးအတွက် ခက်ခဲတာကြောင့် ရန်ကုန်မှာ အခြေစိုက်ကြပါတယ်။ ဒီဘက်မှာ ပန်းချီနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်ဖို့ အများကြီး စည်းရုံးရအုံးမယ်။ ကျနော်တို့လည်း ရင်ဆိုင်ရအုံးမှာဆိုတာ သိပါတယ်။ ဒါပေမယ့် ရခိုင်က နုပညာလက်ရာတွေကို နိုင်ငံတကာကို ချပြသွားဖို့ စိတ်ကူးတာကြောင့်ပါ။ သုံးနှစ်လောက်တော့ အချိန်ယူရအုံးမယ်” ဟု ပြောသည်။

Arakan Art Gallery တွင် ရခိုင်၊ ကရင်၊ စစ်ကိုင်း၊ အာဖရိကနှင့် အိန္ဒိယစသည့် နေရာများမှ ပန်းချီဆရာ ၂၃ ဦး၏ လက်ရာကောင်းပန်းချီများရှိပြီး ရခိုင်ဒေသမှ အနုပညာလက်ရာများသာမက တခြားနေရာဒေသအသီးသီးက လက်ရာများနှင့် နိုင်ငံခြားသား ပန်းချီဆရာများ၏ လက်ရာကောင်းများကိုလည်း ပြခန်းတွင် လက်ခံသွားမည်ဟု သိရသည်။

ထို့ကြောင့် ရခိုင်မှာရှိသော ပန်းချီဆရာများနှင့် တခြားဒေသများတွင်ရှိကြသည့် ပန်းချီဆရာများအနေဖြင့် လက်ရာကောင်းများ ရောင်းချင်သည်ဖြစ်စေ၊ ပြသခြင်းသည်ဖြစ်စေ စစ်တွေမြို့ရှိ Arakan Art Gallery သို့ ပေးပို့နိုင်ပြီး အနုပညာဖန်တီးမှုများကို ပြည်သူသို့ ချပြနိုင်ကြောင်း Arakan Art Gallery မှ ကြိုဆိုလက်ခံလျှက်ရှိသည်။

ပုံစာ – Arakan Art Gallery မှ လေလံအောင်သွားသော ပန်းချီကားအချို့အားတွေ့ရစဉ်။ Western News-WN

shorturl.at/fpzMS

Add Your Comment

Address

No. 48, Aung Tun Oo Street, Maw Leik Quarter, Sittwe, Arakan, Myanmar, Asia

Contact Us

+95 09 42171 1501
info@arakanartgallery.com
contact@arakanartgallery.com

Open Hours

Daily 10:00 am – 5:00 pm
Except Official Public Holidays in Myanmar

Arakan Art Gallery © 2023. All Rights Reserved.