Open Daily 9:30–6:00, Everyday

No. 48, Aung Tun Oo Street, Maw Leik Quarter, Sittwe, Arakan

ပန်းချီကားများလေလံတင်ရောင်းချပွဲ စစ်တွေတွင်ပထမဆုံးအကြိမ်ပြုလုပ်မည်

နိရဥ္စရာ၊ ဧပြီ ၁/ ၂၀၂၃

စစ်တွေတွင် ပြုလုပ်မည့် ပန်းချီပြပွဲတစ်ခုအတွင်း ပန်းချီဆရာအများအပြား၏ လက်ရာပန်းချီကားချပ်များကို ပထမဆုံးအကြိမ်အဖြစ်လေလံတင်ရောင်းချသွားမည်ဟု သိရသည်။

စစ်တွေမြို့ မောလိပ်ရပ်ကွက်၊ ဦးအောင်ထွန်းဦးလမ်းတွင်ရှိသော Arakan Art Gallery ပန်းချီပြခန်း (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ထိုသို့ ထည့်သွင်းပြုလုပ်သွားမည်ဟု Arakan Art Gallery” တည်ထောင်သူ ကိုခိုင်သူရိန်က ပြောသည်။

“ကမ္ဘာမှာ “Art Auction” ( အနုပညာလက်ရာများကို လေလံတင်ခြင်း)က အများကြီးခေတ်စားတယ်။ မြန်မာနိုင်ငံအနေအထားနဲ့ ရန်ကုန်ဘက်မှာဆိုရင် တစ်ပွဲတစ်လေလုပ်တာရှိတယ်။ ရခိုင်မှာ “ Art Auction” နဲ့ ပတ်သက်ပြီးတော့ လူတွေစိတ်ဝင်စားလာအောင် လုပ်သင့်လုပ်ထိုက်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို လုပ်တာပါ” ဟု နိရဥ္စရာကို ပြောသည်။

ယင်းအခမ်းအနားကို ဧပြီလ ၁ ရက်၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ ယင်းပန်ချီပြခန်းအတွင်း ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ လေလံတင်ရောင်းချသွားမည့် ပန်ချီကား ၁၅ ချပ်ထဲတွင် ဆရာ သူရကျော်၊ ဆရာ ရွှေသိန်း၊ ဆရာ အောင်နိုင်၊ ဆရာအောင်လင်းထွန်း၊ ဆရာမ နှင်းသီရိနှင့် ဆရာမ ဖြူစင်သန့်တို့၏ ပန်းချီကားများလည်း ပါဝင်ပြီး ၎င်းပန်းချီကား ၁၅ ချပ်ကို အကြီး၊ အလတ်၊ အငယ် အရွယ်အစားအလိုက် မူလတန်ဖိုးထက် ထက်ဝက်လျှော့ပြီး ကြမ်းခင်းဈေးနှုန်းဖြင့် လေလံတင် ရောင်းချပေးသွားမည်ဖြစ်ဟု ကိုခိုင်သူရိန်က ဆက်လက်ပြောဆိုသည်။

၎င်းမှရရှိလာသည့် အကျိုးအမြတ်များကို အားကြိုးမာန်တက် လုပ်ဆောင်နေကြသည့် အသက်ကယ်လူမှုအဖွဲ့အစည်းများအား လှူဒါန်းရန် စီစဉ်ထားသည်ဟုလည်း ကိုခိုင်သူရိန်က ဆက်ပြောသည်။

မြောက်ဦးကို အခြေခံပြီးဆွဲထားသည့် ပန်းချီကားချပ် ၂၀ ခန့်ကိုလည်း ယင်းအခမ်းအနားတွင် ပြသသွားမည်ဖြစ်သည်ဟု ဆိုသည်။

“Arakan Art Gallery ” ပန်ချီပြခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ကိုခိုင်သူရိန်နှင့် အစ်ကိုဝမ်းကွဲဖြစ်သူ ကိုစိုးသန်းတို့က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် “Arakan Art Gallery” ၌ ပန်းချီဆရာ ၂၄ ဦး၏ လက်ရာ ပန်ချီကားချပ် ၁ဝဝ ကျော်ရှိသည်ဟု သိရသည်။ (NN-13)

ဓာတ်ပုံ – Arakan Art Gallery တွင် ပြသထားသော ပန်းချီကားချပ်များအား တွေ့ရစဉ်။

https://burmese.narinjara.com/news/detail/64277c751ca2b916d3b617cf

Add Your Comment

Address

No. 48, Aung Tun Oo Street, Maw Leik Quarter, Sittwe, Arakan, Myanmar, Asia

Contact Us

+95 09 42171 1501
info@arakanartgallery.com
contact@arakanartgallery.com

Open Hours

Daily 10:00 am – 5:00 pm
Except Official Public Holidays in Myanmar

Arakan Art Gallery © 2023. All Rights Reserved.